Thursday, March 20, 2008

အစာမကြေခြင်း ( ၂ )

စက်ဘီးစီးမြို့ တော်

ဟုတ်ပါသည်။ မြနန်းစံကျော် ရွှေနန်းတော်ဖြစ်သည့်မန္တလေးမြို့  ၊ဗီယက်နမ်
နိုင်ငံဟိုချီမင်းမြို့ တို့ ပြီးလျှင် စင်ကာပူရ သည် အထင်ကရ စက်ဘီးမြို့ 
ပါလေ ။ သြော်…တိုးတက်ဖွံ့ ဖြိုးပြီးကြွယ်ဝချမ်းသာတဲ့ နိုင်ငံဆိုတော့ဒီလို
ပဲပေါ့ ။ကားဈေးတွေကလေယာဉ်ပျံဈေးလို “ငှက်သွင်ပျံကြွ…မတတ်သော် ”
ဖြစ်နေသည့်ကျွန်းငယ်လေးမှာစက်ဘီးပိုင်ရှင်တွေဒုနဲ့ ဒေးဖြစ်နေရသည်မှာ
အဆန်းတကြယ်ကိစ္စတော့မဟုတ်ပါပေ ။နောင်နှစ်အနည်းငယ်အတွင်း
ကမ္ဘာ့ ပထမစက်ဘီးနိုင်ငံဖြစ်မလာဘူးလဲမပြောနိုင်။အိမ်ရှိသည်၊ ငွေရှိသည်၊
စက်ဘီးရှိသည်ဆိုသောလူကုံထံဓနရှင်လောကလေ။ နေတတ်ရင်တော့
ကျေနပ်စရာပေါ့….. သူတို့ နိုင်ငံသားတွေကျစက်ဘီးရှိတယ်ငါ့ ကျ မရှိဘူး
ဆို၍မနာလိုတိုရှည်ဖြစ်နေရမဲ့အနေအထားမျိုးလဲမဟုတ်တန်စွာ။ အရောင်စုံအသွေးစုံဆိုက်စုံဈေးစုံအချိန်မရွေးဝယ်လို့ ရသမှ ။မဝယ်ချင်ရင်လဲ
ဟိုဖြုတ်ဒီဖြုတ် ဟိုဆက်ဒီဆက် နဲ့ သူ့ ဟာကကိုယ့်ဟာလုပ်တတ်တဲ့ 
ဆရာတွေလဲရှိတာကိုးဗျာ ။

မနာလိုမဖြစ်ပေမဲ့ ရင်ထဲကဆန္ဒကိုလှန်ပြချင်နေတာလေးတွေတော့ရှိတယ်ဗျ ။
တခြားတော့မဟုတ်ပါဘူး ။အနှီအကြင်စက်ဘီးမင်းပိုင်ရှင်တွေရဲ့ ပစ္စည်းရှိမောဟ
တချို့ တလေကြောင့် ပါပေ ။ထိုပုဂ္ဂိုလ်များကားလွန်စွာသူရသတ္တိ နှင့် 
ပြည့်စုံကြပါ၏ ။ အဘယ်ကြောင့် ဆိုသော်…. မော်တော်ကားလမ်းမဘေး
တဖက်တချက်စီ ၌ စက်ဘီးစီးရန်လုံလောက်စွာသတ်မှတ်ပေးထားသော်လည်း
အမြဲထာဝရဆိုသလိုလူသွားလမ်းပေါ် ၌သာအတင်းရောအဓမ္မဆိုသလို
တာဝန်မဲ့စွာ စီးနင်းကြပါရဲ့  ။ အရင်မဆွလွန်ခဲ့ သည့်ကိုးနှစ်တာကာလများကတော့ 
မော်တော်ကားလမ်းမဘေးမှာတချို့ တလေစီးနင်း ကြပါ၏ ။အတည်မပြု နိုင်သည့် သတင်းတပုဒ်အရလွန်ခဲ့သည့်နှစ် အနည်းငယ်က ANG MO KIO ၌ ဘတ်စ်ကားကြီး
နှင့်  မော်တော်ကားလမ်းမဘေး စီးနင်းသူတစ်ဦး တိုက်မိပြီး အနှီပုဂ္ဂိုလ်မာလကီးယား
သွားသည်၏နောက် တော့ အားလုံးလိုလိုလူသွားလမ်းပေါ်စီးနင်းလာကြပါတော့၏ ။
သူတို့ ရဲ့ မိသားစုအပေါ် ငဲ့ညှာသည့်သဘောဆိုတော့ လေးစားရသည် ။အကယ်၍
စက်ဘီးစီးသူတယောက် မတော်တဆသေဆုံး၊ဒဏ်ရာရခဲ့သော်ခမျာမိသားစုလွန်စွာ
ကိစ္စများမည်မဟုတ် ပါလား ။ဆိုတော့ကာထိုလူကြီးမင်းများစက်ဘီးစီးနင်းလာသည်
ရှိသော်မိတ်ဆွေက လူသွားလမ်းပေါ်မှာရှိနေလင့်ကစားရှောင်ရှားပေးရပါလိမ့်မည် ။
လူသွားလမ်း ဆိုပေလင့်ကစားလွန်စွာကြည့် ၍ခန့် လှသန့် လှသည် ။ဟုတ်တယ်လေ…
လူသွားလမ်းပေါ်ရပ်ထားသောမော်တော်ဆိုင်ကယ်များကြောင့် လျှောက်လှမ်းရာ
လမ်းကလေးပိုမိုအသက်ဝင်လာသည်ကအမှန်။“ရှုပ်ရှက်ခပ်လမ်း” ဆိုပြီး
ကဗျာရေးရရင်ဖြင့် ။သက်ရှိတို့ ရဲ့ ဂုဏ်ရည်ကိုသက်မဲ့၌တင်စားခြင်း …သြော်…..
သမာဓိဂုဏ်။ အဲဒီတော့ ငါ့ လမ်းအမှန်ပဲ… ဘာ့ကြောင့် လမ်းဖယ်ပေးရမှာလဲဟု
စောဒကမတက်လိုက်ပါနှင့်။ ဥပဒေထွန်းကားရာဒေသမှာမိတ်ဆွေ
အလုပ်ပျက်မှာ မြင်ယောင်လို့ ပါဗျာ ။တချို့ တလေကတော့
ယဉ်ကျေးပျူငှာစွာ ဘဲလ်တီး ၍ Excuse Me ၊Sorry စသဖြင့်
(ကိုယ်လုပ်ချင်တာကိုယ်လုပ်ရ၍) ပြောသွားသော်ငြား
အများစုကတော့ပစ္စည်းရှင်ပီပီမာနတခွဲသားဖြင့်ဆောင့်ကြီးအောင့်ကြီး
ဘဲလ်တီးကာလမ်းမဖယ်ရကောင်းလားဟုဒေါမာန်ထပြချေ၏ ။အထင်ကြီး
စရာအကောင်းဆုံးက၆၀ ၊၇၀အရွယ်လူကြီးများပါငဲ့ ။စက်ဘီးသေးသေးလေး
ပေါ်ထိုင်စီး၍မြင်မြင်သမျှလူတို့ အားသနားသေးတယ်ဟူသော မျက်နှာပေးဖြင့် 
ဘဲလ်ခပ်ကြမ်းကြမ်းတီးကာလမ်းတောင်းသည်ကိုမိတ်ဆွေမြင်ရသော်ဓါးရှည်နှင့် 
ကောက်ပိုင်းချင်စိတ်ပေါ်မည်မုချ ။အုတ်ခဲနှင့် ကောက်ထုလိုက်ရသော်ဆိုသော
အတွေးမျိုးလဲဝင်လာမည်မှာဧကန် ။၆၀ ကျော်မှစက်ဘီးအပိုင်ရှိသည်ဆိုတော့လဲ
မာနကြီးသည်မှာဘာဆန်းမတုန်းဗျာ ။လွန်စွာလူသားဆန်သည့် လူယဉ်ကျေးများ
ပါပေ့ ။ပစ္စည်းရှိမာနဆိုတော့မုဒိတာပွားရုံမှအပဘာများတတ်နိုင်ဦးမလဲ။
တကယ်တော့လူသွားလမ်းပေါ်ကလူတွေဘက်ကလိုတာကိုးနော့ ။
ကားလမ်းမပေါ်ဆင်းလျှောက်ရင် ဒီပြဿနာဘယ်ဖြစ်မလဲလေ။ မသကာ
ကားသမားဆဲရုံ…ကားတိုက်ခံရရုံပေါ့…..

မကြာမတင်ကာလလေးကတော့ဖြင့် အနှီ “လူသွားလမ်းပေါ် စက်ဘီးစီးရေး…
မစီးရေး” ဝိဝါဒကိုသတင်းစာများ ၌ DEBATEသဖွယ် ဆွေးနွေးကြပါသေး၏ ။
MEDIAများကလည်းပေါက်ကရလေးဆယ်ရောက်သမျှရေးခြယ်ကြသည်။ ဘာဆက်ဖြစ်မည်ဆိုတာကတော့မသိသေးပါ။ကျွန်တော်တို့ ကတော့ ရှောင်ရင်းရှားရင်းလမ်းလျှောက်ရင်းဖရုသဝါစာလေးတွေရေရွတ်ရင်း …………

“နိုင်ငံရပ်ခြားက ကိစ္စများကို မြန်မာလူငယ်များသိရအောင် ရေးရတာပါ ။
တိုးတက်နေတဲ့ ခေတ်နဲ့ အညီ သိစေချင်တဲ့ စိတ်စေတနာသိပ်များသွားပြီး
ဟိုရောက်ဒီရောက်ဖြစ်တာကို နားလည်ခံစားပေးပါ”

လို့ ပြောရင်ပြည်သူ့ အသည်းစွဲ ပြိုင်စံမပေါ်နိုင်ငံကျော်အသည်းအထူးကု
သမားတော်ကြီးရဲ့ ရေးဟန်ကိုကူးချတယ်လို့ ချစ်မိတ်ဆွေမစွပ်စွဲပါနဲ့ နော် ။

1 comment:

Anonymous said...

Do you always read Kalyar Magazine? :P