Thursday, April 3, 2008

နီကိုးလ်ရှာဇင်ဂါ

ကျွန်တော်၏ ကျောက်စိုင်ကျောက်သားပမာ မာကျောလှသည့် နှလုံးသားကို
ဆွဲကိုင်လှုပ်နှိုး နိုင်သူကားတခြားသူဟုတ်ပါရိုးလား။ နီကိုးလ်ပင် ဖြစ်ပါတော့
သည်။ အနှီ နီကိုးလ်သည် ယခင်ကတော့ ပူစီကက်ဒေါ်လ် အဖွဲ့ မှ ဦးဆောင်
အဆိုတော်ဖြစ်သည်ကိုတော့အကျယ်တဝင့်ရှင်းမပြချင်တော့ပါလေ။
မည်မျှအထိ လွမ်းမိုးခြင်းခံရသနည်းဆိုလျှင်သမီးလေးမွေးခဲ့သော်အမည်နာမ
အားနီကိုးလ်ဇော်ဇင်ဂါဟုပေးပစ်လိုက်မည်ဟုပင်ဆုံးဖြတ်ချက်ခိုင်မာစွာ
ချမှတ်ခဲ့မိချေသည်။နောက်မှအိမ်သူသက်ထားဇနီးမယားဆဲရင်လဲဆဲစေတော့။
SMOKIE အဖွဲ့ ၏ “COME ON HOME”ကို မြန်မာမှုပြုထားသည့် ကိုညီထွဋ်ရဲ့ 
သံသရာစမ်းရေ အမည်ရှိ သမီးလေး၊ သမီးလေးအစချီသီချင်းကိုဟစ်ကြွေးကာ ချော့သိပ်လိုက်မည်ဟုစိတ်ကူးယဉ်မိသော်လည်း ဘုရားသခင်က
သားကြီးသြရသကိုပေးတော်မူသည်။ ကဲ ရှိစေတော့ နောက်တခေါက်ပေါ့။


အခု နီကိုးလ်က တင်းဘလန်း (Timberland မဟုတ်ပါ) ၏အခွေတွင်ဝင်ရောက်
ပြီး ကယ်ရီဟီလ်ဆင် နှင့်တွဲကာ Featuring လုပ်ပါလေ၏ ။အနုပညာမာန
အပြည့်ဖြင့်လှချင်တိုင်းလှနေသော နီကိုးလ်ပါတကား။ရင်မောရပါသည်။
ရေလဲငတ်ရပါသည်။ မင်းကိုယ့်ကိုပြုစားတယ်ကွယ်။လိမ္မာလိုက်သည့် နီကိုးလ်၊
တော်လိုက်သည့်နီကိုးလ်၊အရည်အချင်းရှိသည့်နီကိုးလ်။ ဤနှယ် နီကိုးလ်သည်
ဘာမဟုတ်သည့် ဖက်တီးကြီး တင်းဘလန်း ဘေးတွင်သီချင်းတွဲဆိုနေသည်က
ဘဝင်မကျစရာပါအဆွေ။ တကယ်ဆို အဲဒီဖက်တီးကြီး တင်းဘလန်း နေရာမှာ
ကိုယ်ကိုတိုင် မဟုတ်တောင်မှ ကိုယ့် ဆရာတွေဖြစ်တဲ့  ဆရာတိန်တို့ ၊ဆရာ ES
တို့ ဆို မုဒိတာပွားနိုင်ပါသေး။။။။

No comments: