Sunday, April 6, 2008

စင်ကာပူရ မှ မိစ္ဆာများ

စင်ကာပူရ မှ မိစ္ဆာများဟူသည် သရဲ တစ္ဆေ ပြိတ္တာ အသူရကာယ်များ မဟုတ်ရပါ ။
လူသား စစ်စစ်များသာ ဖြစ်ပါတော့သည်။ သို့ သော် ထိုအပါယ်ဘုံသားများ ထက်ပိုမို
၍ဆိုးရွားသည် ဟုဆိုလျှင် မိတ်ဆွေယုံအံ့မထင်ပါ။ ရဲရဲကြီးသာယုံလိုက်ပါလေ။ ထို
လူသားများသည်ကား သာမန်ညောင်ညလူများမဟုတ်ကြပါ။ မော်တော်ကား၊ဆိုင်ကယ်
အစရှိသည်တို့ ကို ပိုင်ဆိုင် သော လူမိစ္ဆာများသာဖြစ်ပါတော့သည် ။ထို မိစ္ဆာဖြစ် လိုင်စင်
သည်လည်း ကား၊ဆိုင်ကယ် တို့  ပိုင်ဆိုင်သူအားလုံးနှင့်တော့ အကျုံးမဝင်လှပါ။ မိမိတို့ 
ပိုင်ဆိုင်သော ကား(သို့ ) ဆိုင်ကယ် များကို အထူးစပယ်ရှယ် အိတ်ဇောခွဲကာ အသံဗလံ
ကို နားကွဲမတတ် ဆူညံအောင်လုပ်ပြီးကာမှ မိစ္ဆာဖြစ် လိုင်စင် ကိုလက်ဝယ်ပိုင်ပိုင်ရကာ
မိစ္ဆာဖြစ်ရရှာလေသည်။ နားအကွဲဆုံး ဖြစ်လေ မိစ္ဆာ အဆင့် မြင့် လေ ဖြစ်ဟန်တူပါသည်။
သူတို့ အဆင့်မြင့် မမြင့်တော့မသိ ပါ။ ကြားထဲက တိုက်ပေါ်နေ လူများကတော့ ထိုဒဏ်ကို အတော်ခံစားရချေမည်။


ကျွန်တော်နေထိုင်ရာ မြို့ နယ်သည် လူလည်း တအားကြီး များလှသည်မဟုတ်ပါ ။
Clementi ၊ ANG MO KIO ၊ TAMPINES ဆိုသော HOT AREA လည်းမဟုတ်ပါ ။
သို့ သော် တခုဆိုး သည်က ကျွန်တော်တို့ တိုက်သည် လမ်းသွယ်တခု
(မြောက်ပိုင်း ၃ လမ်း) တည့် တည့် ပေါ်တွင် ရှိနေပါသည်။ ထိုအခါ နေ့ နေ့ ညည
လမ်းမပေါ်တွင် ဘတ်စ်ကား ၊ မော်တော်ကား၊ ဆိုင်ကယ် စသည်တို့  ဥဒဟို သွားလာ
နေကြပါသည်။ လွန်စွာ နားငြီးလှ ချေသည် ။ တခါတခါ ကလေးက အိပ်နေ၊ ဒင်းတို့ 
ကဖြတ်သွား၊ ကလေးက လန့် အော် ၊ အဲဒီတော့ ကလေးအဖေ ကျွန်တော်က ပီယဝါစာ
လေးတွေကို ဒင်းတို့ အတွက်ရေရွတ် ။ အဲလို သံသရာ လည်နေပါတော့ သည် ။
ဒါ အများကြီး ကံကောင်း ပါသည် ။အိတ်စ်ပရက်စ်ဝေး အနီးအနားရှိ တိုက်ပေါ်မှလူများ ။
MRT STATION များတည်ရှိရာ တည့်တည့်ရှိ တိုက်ပေါ်မှ လူများ ဆိုရင်တော့ ပြောစရာ
ပင်လိုတော့ မည် မထင်ချေပါ။ သာမန် မော်တော်ကား၊ဆိုင်ကယ် နှင့်ကိုပင် လူတွေတော်တော်
စိတ်ညစ်နေတာ အခုလို အိတ်ဇော တွေကို အထူးခွဲခြမ်းစိတ်ဖြာကာ ဘရူးဘရူး တနည်း၊
ဘရုန်းဘရုန်း တသွယ် စက္က္ကန့့်နှင့် အမျှ နားမခံသာ ဖြစ်နေရတာ ထိုထို အဆင့် မြင့်  မိစ္ဆာများကြောင့်ပင်ဖြစ်သည်ဆိုတာ ငြင်းမရပါပေ။ တခုလေးစားစရာကောင်းသည်က
ထို မိစ္ဆာများသည် နေ့ ရောညရော၊သန်းခေါင် တလွဲ လူအိပ်ချိန် မနက်လင်း ၃ နာရီပါ မချန် လမ်းမပေါ်မှာရှိနေ၊သွားလာလှုပ်ရှားနေနိုင်ကြခြင်း ပါပေတည်း ။ကောင်းလိုက်တာ……..
ဘယ်တော့များမှ နားအေးပါးအေး အေးအေးဆေးဆေး အိပ်ရမှာပါလိမ့် ။ဒီကာလမှာ
တော့ ဖြင့် ပီယဝါစာလေးတွေဆက်ရွတ်ရုံ ။ အကောင်းဘက်က လှည့်တွေးမယ် ဆိုရင်တော့ 
ဒင်းတို့ ကြောင့် ကိုယ့် ရဲ့  ပီယဝါစာရေရွတ်ခြင်း ဂုဏ်အင် ပိုမို မြင့်မားလာသည်ပေါ့ ။

No comments: