Wednesday, April 23, 2008

သင်တန်းစုံ

ရွှေ ဓားမ ကုမ္ပဏီမှ တာဝန်ယူ ၍ ယနေ့ ခေတ်လူငယ်များ မရှိမဖြစ် သိရှိစေရန်
ရည်ရွယ်ကာ စေတနာ ရှေ့ ထားပြီး ငွေမှတပါး အခြား အကျိုးအမြတ်ကို
မမျှော်ကိုးပဲ အောက်ပါ ဘာသာရပ်များကို နိုင်ငံခြားပြန် အတွေ့ အကြုံ ရှိ ဝါရင့်
ဆရာကြီး ကိုယ်တိုင် ပထမအသုတ် အဖြစ်(ကျောင်းသူ သီးသန့် ) စာတွေ့ လက်တွေ့ 
သင်ကြား ပေး နေပြီ ။

- မြန်မာ့ ရိုးရာ ဘဝင်မြင့်အောက်ခြေလွတ် သင်တန်း
- ခေတ်မှီ သိပ္ပံနည်းကျ ကိုယ်ရည်သွေး သင်တန်း
- အဆင့်မြင့်မြင့် လူရှေ့ သူရှေ့  ဂုဏ်ဖော်နည်း သင်တန်း
- အထူး မဏ္ဍပ်တိုင် တက်နည်း သင်တန်း


အမြန်ဆက်သွယ်ပါ ။

သင်တန်းသူဦးရေ ကန့် သတ်ထားသည်။
များများ လက်မခံပါ (လာသမျှသာ) ။
အသက်အရွယ် နှင့် ကိုယ်အလေးချိန် ပေါ်
မူတည် ၍ ဘော်ဒါဆောင် စီစဉ်ပေးမည် ။
အလှဆုံး ကျောင်းသူများ ပညာသင် လျှောက်ထားနိုင်သည် ။

2 comments:

HLK said...

Nice post again. :)

I added you to Google Reader.

Ko Thagyee said...

Thanks, hehe.