Tuesday, April 8, 2008

ကိုယ်ကျိုးစီးပွား ဝါဒီ

ယခုအခါသမယဆီ ၌ ခင်ဗျားတို့ ၏ ချစ်လှစွာသော ဘလော့ဂ် မိတ်ဆွေ ကျွန်ုပ်
ရွှေ မြန်မာ လူမျိုး ဆရာ သူကြီးသည် စင်ကာပူရ ၌ ဆယ်စုနှစ် တစ်ခုနီးပါး
အင်မတိအင်မတန် မွေ့ လျော် ပျော်ပိုက်ပြီး သကာလ ကိုယ်ကျိုးစီးပွား ဝါဒီ တစ်ဦး
အဖြစ်သို့ ရောက်ရှိနေခဲ့ ပြန်ပါပြီ။ မှန်ပါသည် ။ ကောဇာသက္က္ကရာဇ် ၁၃၇၀ ခုနှစ်
တန်ခူးလဆန်း ၃ ရက် ၊ခရစ် သက္က္ကရာဇ် ၂၀၀၈ ခုနှစ် ဧပြီလ ၈ ရက် နေ့ မှစတင်ကာ
ကိုယ်ကျိုးစီးပွား ဝါဒီ တစ်ဦး အဖြစ်သို့  ရောက်ရှိသွားရခြင်းဖြစ်ပါတော့ သည်။
အတိတ်ကာလတုန်းက ဘုန်းမီးနေလ တောက်ပခဲ့ကြကုန်သော အများအကျိုးဆောင်
ဝါဒ ၊ စွန့် လွှတ်အနစ်နာခံ ဝါဒ များကို ဟိုးကမ္ဘာ ကမ္ဘာ အဝေး ၌ ကျွန်ုပ် က ကျောခိုင်း
ထားလိုက်ပါပြီ။ ကျွန်ုပ် ၏ ရှေ့ တူရူ မှာက ကိုယ်ကျိုးစီးပွား ဝါဒ ။

ဘာကြောင့် ယခုလို ကိုယ်ကျိုးစီးပွား ဝါဒီ ဖြစ်သွားရသနည်း ဟု မေးလာခဲ့သော်
ဖြေပါအံ့ ။ ဆယ်စုနှစ် တခု နီးနီး ဤကျွန်းသားများ၏ လုပ်ရည်ကိုင်ရည် ကို နေ့ စဉ်
တွေ့ မြင် ပြီး ဤကဲ့သို့  လိုက်မလုပ်သော် ခေတ်မမှီချေဘူး ဟု တွေးတောမိခြင်းက
တစ်ချက် ၊ ဆရာ ဇာ ၏ ရထားစီးသူများ စာစုကို ဖတ်ရှုမိ သည်က တစ်ချက် ၊ဟိုတနေ့ 
က ATM မှာ ပိုက်ဆံသွားအလွှဲ ရောက်ခါနီးမှ မျက်နှာချင်းဆိုင် မှ လာသော အမျိုးကောင်း
သမီး ၂ ဦး တို့ က ကျွန်ုပ် ဦးသွားခဲ့သော် ဒင်းတို့  စောင့် ရချေမည်ဟုတွေးကာ
တက်သုတ်ရိုက် လုပ်သွားမှုကြောင့် စောင့်စားလိုက်ရတာကို အားကျမိသည်က တစ်ချက်
စသည်တို့ ကြောင့်  ယခုလို ဖြစ်သွားရခြင်း ပါပေ။ မကြိုက်သူ တို့  ခွင့် လွှတ်ကြပါကုန် ။

သူကြီး တစ်ယောက် ကိုယ်ကျိုးစီးပွား ဝါဒီ တစ်ဦး ဖြစ်လာပြီဆိုသောအခါ
ဖြစ်လာလျှင်ဖြစ်လာခြင်း ဦးစွာမဆွ သတိရမိသည်မှာကား မွေးမြေရန်ကုန်မှာ ရှိကြကုန်သော
ဆွေမျိုးညာတိကာ များနှင့်  အပေါင်းအသင်းရောင်းရင်းများပင် ဖြစ်ပါချေတော့သည်။
သင်းတို့ ကား ကျွန်ုပ် ရောက်သွားမှသာ လျှင် စင်ကာပူရ သတင်းပလင်း၊ဝါဒရေးရာ ကိစ္စရပ်
များကို ကြားသိရသည်ဖြစ်ချေရာ ယခုကဲ့သို့  သင်းတို့ ဒေသ ၏ ငယ်မွေးခြံပေါက် သူကြီး
တစ်ယောက် ကိုယ်ကျိုးစီးပွား ဝါဒီ တစ်ဦး ဖြစ်ချေပြီဟု ကြားသိရသော် ခမျာတို့ 
ဘယ်လောက်များ ဝမ်းသာအဲလဲဖြစ်ကြရှာမည်နည်း ဟု တွေးတောကာ ပျော်မိပါတော့သည်။
ကိုယ်ကျိုးစီးပွား ဝါဒီ အရောက်လှမ်းခဲ့ ပါမည် အို…………….မဟာရန်ကုန်။

မဟာရန်ကုန် ပြန်ရောက်ရင် ကိုယ်ကျိုးစီးပွား စတိုင်လ် အမေးအဖြေ ကဏ္ဍကို ဒီမှာ
ကျန်ခဲ့တဲ့ မိတ်ဆွေများ ဖတ်ရှုနိုင်ရန် တင်ပြပေးပါဦးမယ်။






။ဆရာကြီး ဂျက်ကွမ်းခြံကုန်း ၏ ရေးပာန်ကို လုံးဝ ကူးချထားသည်။

No comments: