Saturday, April 12, 2008

ကုမ္ပဏီပိုင်ရှင်

တနေ့ နေ့ တချိန်ချိန် ၌ ကျွန်ုပ်သာ လွန်စွာမှအောင်မြင်သော ကုမ္ပဏီပိုင်ရှင် တစ်ဦး
ဖြစ်လာခဲ့သော် ရုံးခန်းတွင်းဝယ် တခြားသောသူဌေးကြီးများကဲ့သို့  ဘယ်ပုံကြိုးစားခဲ့
၍ ဘယ်လိုဖြစ်ထွန်းခဲ့သည်၊ ရိုးရိုးကျင့် မြင့်မြင့်ကြံ၊ အစကောင်းမှ အနှောင်းသေချာ
စသည် စသည်တို့ ကို ချိတ်ဆွဲတော်မူမည် မဟုတ်ပဲ “ ဖြည်းဖြည်းပေါ့ ” ၊ “နောက်မှ ” ၊
“မင်းထရန်း..မင်းထရန်း” ၊“ နားကြ ဦး နားကြ ဦး ” ၊ “မနက်ဖြန် ရွှေ့ နိုင်တာကို ယနေ့ 
ယောင်လို့ တောင် မလုပ်ပါနှင့် ” ၊ “ပင်ပန်းမယ်ထင်လျှင် လေတောင်မချွန်နဲ့ ” စသည်များ
ကိုသာ ချိတ်ထားမည့်အပြင် အကောင်းစား ကုတင်တလုံး၊ အကြီးစားရေခဲသေတ္တာတလုံး ၊
စပယ်ရှယ် စားစရာတချို့ ၊ ဝိုင်ပုလင်းအနည်းငယ်၊ စိတ်ကြိုက် သီချင်းခွေ စီဒီများ နှင့် 
အညောင်းပြေလှန်လှောရန် FHM, Maxim မဂ္ဂဇင်း ၉အုပ် ခန့် သာထားမည်ဟု ယခုထဲက
စတင်ကြံစည်နေပါပြီ ဖြစ်ပါကြောင်း ။

ကိုသူကြီး
သမ္မတ နှင့် အမှုဆောင်အရာရှိချုပ်
ရွှေ ဓားမ ကုမ္ပဏီ လီမိတက်



။ ရွှေဓားမဆို၍ လာသမျှလူတို့ အား ခုတ်မည်၊ထစ်မည်၊ပါးပါးလှီးမည်ဟု မဆိုလို။

1 comment:

HLK said...

LOL.. You would make a great boss. :)